မြဝတီ ဧပြီ ၂၇
ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ရှိ အမျိုးသမီးများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်ရည်ရွယ်၍ မြဝတီမြို့အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အခြေခံလက်ပန်းထိုးနည်း သင်တန်းကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်ရုံးတွင် ဖွင့်လှစ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မော်အောင်က အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်အတွက် အခြေခံ လက်ပန်းထိုး နည်းသင် တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပြီး အမျိုးသမီးအိမ်တွင်းမှုသင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ် ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြဝတီမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မင်းမေသဲဝါအေး က အခြေခံလက်ပန်းထိုးနည်းသင်တန်းမှ သင်ယူတက်မြောက်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် တီထွင်ကာ တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ကိုင်နိုင်ရန်ကြိုးစားသင်ယူရန်လိုကြောင်း မုဒိတာစကား နှင့် သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက် ကိုပြောကြားခဲ့သည်။
အဆိုပါ အခြေခံလက်ပန်းထိုးနည်းသင်တန်းကို မိခင်နှင့်ကလေးစောင့် ရှောက်ရေး အသင်းပိုင် ရုံး တွင် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ (၃)ရက်တာ မြဝတီမြို့ အိမ်တွင်းမှုသင်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သိန်းဦးနှင့် ဆရာမများက သင်တန်းသား / သင်တန်းသူ( ၂၃ ) ဦးတို့ အားစာတွေ့၊လက်တွေ့ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)