ကော့ကရိတ်မြို့ လှိုင်ဝကျေးရွာ၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်း

ကော့ကရိတ် ဧပြီ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ (၂/၂၀၂၆)ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို လှိုင်ဝကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့မွန်းလွှဲ ၃နာရီက ကျင်းပခဲ့ရာ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနွယ်၊ ကော့ကရိတ်မြို့နယ် ကြက်ခြေနီအဖွဲ့ခွဲ့  မြို့နယ်တပ်ဖွဲ့မှူး ဦးထူးကပေါ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အမှာစကားပြောကြားသည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြတ်ကိုထွေးက မိမိကျေးရွာအတွင်း လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတ ကြွယ်ဝဖွံ့ဖြိုးတိုးတက်စေသဖြင့် ကျေးရွာအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ လှိုင်ဝ အလကတာဝန်ခံကျောင်းအုပ်ဆရာကြီး ဒေါ်အေးအေးမွန်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများအတွက် အကျိုးဖြစ်ထွန်းစေသောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသည့် တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ၃ရက်သာသင်တန်းကာလအတွင်း ထူးချွန်အောင်မြင်ခဲ့သော သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းသား ၄၄ဦးတို့အား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးခြင်း၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက မိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)