ကော့ကရိတ် ဧပြီ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲ ၄ နာရီက အမှတ်(၁)ရပ်ကွက်၊ ချောင်းတောင်ရပ်၊ ဝဏ္ဏလမ်းနေ ဦးပန်းလွင်၏ အိမ်ပေါ်သို့ ၃ပေပတ်လည်ခန့်ရှိ သရက်ပင်လဲကျမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်လဲကျမှုကြောင့် နေအိမ်ဘေးအဖီအောက်တွင်နေထိုင်နေသော ဦးပန်းလွင်၏သမီး မစန္ဒာဝင်းအပေါ် အပင်ဖျားရိုက်ခတ်မိ၍ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး အမိုး ၁၂ ပေ၊ သွပ် ၁၆ချပ် ပျက်စီးသွားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)