ဘုတ်ပြင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး 

ဘုတ်ပြင်း    ဧပြီ    ၂၈

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ရေချွေတာရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ မူလွန်ကျောင်း၌ကျင်းပရာ  မူလွန်ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ ကျေးရွာနေပြည်သူများနှင့်ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူများ စုစုပေါင်း (၁၀၅)တက်ရောက်သည်။

ဦးစွာ ဘုတ်ပြင်းမြို့နယ် မြို့မိမြို့ဖဦးကိုကိုထွန်းက အသိပညာဟောပြောပွဲပြလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ယင်းနောက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလူးသယ်ရွှေက  သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေးချွေတာရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများကို  အသိပညာပေးပြောကြားသည်။ ယင်းနောက် သစ်ဦးစီးဌာနဝန်ထမ်းများက  တက်ရောက်လာကြသူများအား မီးခိုမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ ဗီဒီယိုကို အသိပညာပေးပြသရာ တက်ရောက်လာကြသူများက သိလို သည်များကိုမေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိ ရသည်။

မြို့နယ်ပြန်/ဆက်