နမ့်စန်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလစဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နမ့်စန်(တ) ဧပြီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လစဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးနေမျိုးထွန်း၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၂၀)မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ဌာနဆိုင်ရာများအနေဖြင့် ရက် (၁၀၀) စီမံချက်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကို တင်ပြဆွေးနွေးရေး၊ ရေကြီးရေလျှံမှုမဖြစ်ပွားစေရေးအတွက် လက်ရှိ နမ့်လတ်ချောင်းနှင့် ရေငုပ်ဂူများသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေရှင်းလင်း၍ စည်းကမ်းမဲ့အမှိုက်ပစ်မှုများ မရှိစေရေးအတွက် ပြည်သူများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သတိပေးဗီနိုင်းများ ကပ်ထားကြေညာခြင်းနှင့် စည်းကမ်းမလိုက်နာသူများကို သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစောင့်ကြည့်စစ်ဆေး၍ အရေးယူရေး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို ပုံမှန်ဆောင်ရွက်ရန်၊ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများ သယ်ယူဖြန့်ဖြူးခြင်းကိစ္စရပ် များတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန်နှင့် ရပ်ကွက်နှင့်ကျေးရွာများရှိ ပစ္စည်းသိုလှောင်ရုံ (ဂိုထောင်) များ၏ အသေးစိတ်အချက်အလက်များကို စာရင်းကောက်ယူတင်ပြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်သောစက်သုံးဆီများကို ကျေးရွာအုပ်စုအလိုက်စနစ်တကျ ဝယ်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သဘာဝဘေးအန္တရာယ်များ ဂရုပြုရန်နှင့် လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက် ရန်၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြရန်၊ စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များအား ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပြည်သူများ အနှောင့်အယှက် ဆူညံသံများ မဖြစ်စေရေးအတွက် အသံချဲ့စက်များအား နံနက် ၆ နာရီမှည ၉ နာရီထိသာဖွင့်ရေး စိစစ်ကြပ်မတ်ရန်၊ မိုးရာသီကာလတွင် သစ်ပင်များ တစ်အိမ်ထောင်စုလျှင် တစ်ပင် စိုက်ပျိုးနိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်စိုက်ပျိုးကြရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှပေါင်းစပ်ဖြည့်ဆည်းပေးရန်နှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပြန်လည်ရွေးချယ်ခန့်ထားရေးဆိုင်ရာများ ရှင်းလင်းခြင်းနှင့် ကြိုတင်ပြင်ဆင်ထားရမည့်ကိစ္စရပ်များအား ဆောင်ရွက်ထားရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ အသစ်လဲလှယ်ပြုလုပ်ပေးမည့်အစီအမံများ၊ လမ်း၊ တံတား၊ ရေရရှိရေး၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် အခြားဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)