ကလောမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်

ကလော ဧပြီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်)အတွက် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကလောမြို့အမှတ်(၇) ခြေလျင်တပ်ရင်း ဌာနချုပ်ရှိ စီစီဝမ်တာပန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့်သင်တန်းတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးနိုင်လင်းထွန်းက အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်)အတွက် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ရည်ရွယ်ချက်၊ သင်တန်းစည်းမျဉ်း၊ စည်းကမ်း၊ သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်း အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဆိုပါသင်တန်းအတွက် ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်အောင်မိုးက ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။ အဆိုပါ စွမ်းရည်မြှင့်သင်တန်းကို သင်တန်းသားတပ်ဖွဲ့ဝင်များဖြစ်သည့် ကလောမြို့နယ်မှ သင်တန်းတပ်ဖွဲ့ဝင် ၅၀ ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)