မင်္ဂလာဒုံ ဧပြီ ၂၅
မင်္ဂလာဒုံမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့က တရုတ်+မြန်မာ မျက်စိကုသခွဲစိတ်ခြင်း အစီအစဥ်အတွက် မျက်စိလူနာများအား ကျန်းမာရေးပညာပေးခြင်းများကို ဆောင်ရွက်သည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဒုတိယညွန်ကြားရေးမှူး Dr.ဝင်းမာမှ ဦးဆောင်၍ တရုတ်+မြန်မာ မျက်စိကုသခွဲစိတ်ခြင်းအစီအစဥ်အတွက် မျက်စိလူနာများအား ကျန်းမာရေးပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)