ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများဆောင်ရွက်

ပြည်ကြီးတံခွန် ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ အမှတ် (၁) ဆက်သွယ်ရေးအလုပ်ရုံ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ယင်းမီးဘေးလုံခြုံ‌ရေး စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့၀င် ၁၀ ဦး၊ လ.ဆ.သ (၁) မှ ဗိုလ်မှူး သက်လွင်ဦးနှင့် တပ်ဖွဲ့၀င်များ၊ မိသားစု၀င်များပူးပေါင်းကာ လ.ဆ.သ (၁) တွင် ဟောပြော သရုပ်ပြများ ပြုလုပ်ခြင်းနှင့် 191 report application အား ထည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး မှာကြားခဲ့ပြီး၊ မီးသတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)