ဒဂုံဆိပ်ကမ်း ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၂) ရပ်ကွက်၊ ကမ်းနားလမ်းရှိ အမျိုးသားကင်ဆာကုသရေးဗဟိုဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းမင်း၊ ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ ကုသရေး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) မှ ဒုတိယကျောင်းအုပ်ကြီး ဦးကျော်မိုးဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ၊ ရွှေသန်လျင်နာရေးကူညီမှုအသင်းသားများနှင့် ပရဟိတအသင်းအဖွဲ့များမှ Volunteer များ စုစုပေါင်း (၂၂၀) ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ သွေးလှူရှင်များအား အမျိုးသားကင်ဆာကုသရေးဗဟိုဌာန၊ အမျိုးသားသွေးဌာနမှ Royal-D၊ ရေသန့်၊ မုန့်နှင့် သံဓာတ်အားဆေးတို့ကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က တစ်ဦးလျှင် ကြက်ဥပြုတ် ၅ လုံးနှင့် ရေသန့်တို့အားလည်းကောင်း အသီးသီးလှူဒါန်းခဲ့ကြသည်။ ထို့နောက် အလှူရှင်များအား အမျိုးသားကင်ဆာကုသရေးဗဟိုဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ စုပေါင်းသွေးလှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီဌာနမှ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ဒေါက်တာထွန်းမင်း၊ အမျိုးသားကင်ဆာကုသရေးဗဟိုဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နှင့် ဝန်ထမ်းများ၊ ပြည်ထောင်စုတိုင်းရင်းသားစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) မှ ဒုတိကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး သွေးလှူရှင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ