မဟာအောင်မြေ ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံက်ပိုင်းမှစတင်၍ ခုနှစ်ရက်တိုင်တိုင်ဣစ္ဆာသယ ကျောင်းတိုက်သန်းရတနာဗိမ္မာန်၌ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ၊ မဟာအောင်မြေမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မနှင့်မဟာအောင်မြေမြို့နယ်အတွင်းရှိ ဆရာတော်များမှ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၂၄ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ ခုနှစ်ရက်တိုင်တိုင် နေ့/ညမပြတ်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်နှင့်တာဝန်ရှိသူများ မဟာအောင်မြေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများတက်ရောက် နာယူပူဇော်ခဲ့ကြပြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ဧပြီ ၃၀ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အောင်ဇော်မင်း