စဉ့်ကိုင် ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး ပိုမိုအဆင်ပြေစေရန်နှင့် စားနပ်ရိက္ခာဖူလုံရေးကိုရည်ရွယ်ကာ ရပ်ကွက်/ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများကို စဉ်ဆက်မပြတ်ရောင်းချလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စာသုံးဆီအရောင်းဆိုင်များ၌ ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား စားအုန်းဆီ ၆၈၉၈ ပိဿာ ရောင်းချပေး ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်များဖြစ်ကြသည့် စဉ့်ကိုင်မြို့နယ်အတွင်းမှ ဦးကျော်ထွန်း၊ ဦးအောင်ကြိုင်၊ ဦးအောင်ကြည်စိုး၊ ဦးကျော်ဆွေဝင်း၊ ဦးစိုးမောင်၊ ဦးအောင်ခိုင်မိုး၊ ဒေါ်ကေသီထွန်း၊ ဦးအောင်နိုင်ဦး၊ ဦးရဲဝင်းထွန်း၊ ဒေါ်ရီမွန်၊ Central Myanmar စသည့်ဆီအရောင်းဆိုင် ကိုယ်စားလှယ် ၁၁ ဦးတို့က စားအုန်းဆီ ၁ ပိဿာလျှင် ၈၃၅၀ ကျပ်နှုန်းဖြင့် ဌာနဆိုင်ရာဝန်ထမ်း ၃၄၄၉ ဦးအား တစ်ဦးလျှင် ၂ ပိဿာနှုန်းဖြင့် ဆီပိဿာပေါင်း ၆၈၉၈ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စဉ့်ကိုင်မြို့နယ် တာဝန်ခံ ဦးစိုးလွင်ထံမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)