တပ်ကုန်း ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေး ပါဝင်လှူဒါန်းကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ဧပြီ ၂၃ ရက် ည ၈ နာရီက စိုက်ပျိုးရေးသုတေသနခြံဝင်းအတွင်း ကျင်းပခဲ့သည်။
ဦးစွာ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်အား အဖက်ဖက်မှ ပါဝင်လှူဒါန်းကူညီကြသည့် ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၊ (MSME) အသင်းဝင်များ၊ ကုန်စည်ဒိုင်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ ဝင်များ၊ ရပ်ကွက်ခြောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးအဖွဲ့ဝင်များအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက သက်ဆိုင်ရာတာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
တင်စိုးလွင်