မြစ်သားမြို့နယ်၌  မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်သား ဧပြီ ၂၃

 မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  

 ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်က နိုင်ငံတော်သမ္မတပြောကြားခဲ့သည့် မိန့်ခွန်းများ‌အပေါ်အကောင် အထည်ဖော်ဆောင်ရွက်မည့်အခြေအနေနှင့် တိုးမြှင့်လုပ်ဆောင်သွားမည့်အခြေအနေတို့ကို  မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းများအား အထူးအလေးထားဆောင်ရွက်နိုင်ရေးကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရက် ၁၀၀ စီမံချက်နှင့်ပတ်သက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး လိုအပ်သည့်အခက်အခဲများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်တီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။  

ဝါဝါမြင့်(မြစ်သား)