ကျုံဒိုးမြို့၌ ၁/၂၀၂၆ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကော့ကရိတ် ဧပြီ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၌ ၁/၂၀၂၆ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ၃ နာရီက အမှတ်(၄)ရပ်ကွက်၊ ကျွန်းကလေး ဓမ္မာရုံတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ပြုလုပ်သော ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းကို သင်တန်းနည်းပြ ၆ဦးဖြင့် ၃ရက်တာကာလ ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၄) ဦး တက်ရောက်ခဲ့သည်။

သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအတတ်ပညာ၊ အခြေခံ အသက်ကယ်အထောက်အကူပြုနည်းစသည့် သင်ခန်းစာများသင်ကြားပို့ချခဲ့ပြီး သင်တန်းသားများအား ရေးဖြေစစ်ဆေးခြင်း၊ လက်တွေ့စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြ သည်။

သင်တန်းဆင်းပွဲ၌ ထူးချွန်ဆုရသင်တန်းသားများအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းတာဝန်ခံမှ သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)