ဘားအံ ဧပြီ ၂၃
ကရင်ပြည်နယ်အတွင်းရှိ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အားစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်စစ်တုရင်အသင်းအား တွေ့ဆုံမှာကြားခြင်းအခမ်းအနာကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်လူငယ်စင်တာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်မည့် အးကစားများ တက်ရောက်ကြသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေားရာဝန်ကြီးက ယခုပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှာ ပထဆုံးအကြိမ်ဖြစ်ပါကြောင်း၊ ပြိုင်လျင်နိုင်ရမည်ဆိုသော အောင်စိတ်ကို မွေးမြူထားကြရန်လိုကြောင်း၊ အောင်မြင်မှုရရှိပါက ထိုက်တန်စွာ ဆုများချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲဝင်အသင်းအတွက် ထောက်ပံ့ ခချီးမြှင့်ငွေ (၁၂၆၉၄၀၀၀/-) ကျပ်ကို ပေအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြများက လက်ခံ ရယူပြီး စစ်တုရင်အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေအား ရှင်းလင်းတင်ပြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)