စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်

စဉ့်ကိုင် ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ရှေးဦးပြုစုနည်းသင်တန်းကို ဧပြီ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒေါ်သီတာက ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံနှင့် ကြက်ခြေနီအသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းကာ သင်တန်းသူ ၁၇ ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီထိ သုံးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)