မန္တလေး ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားမှူးသင်တန်းတွင် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မေသူအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အခမ်းအနားမှူး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်နည်းပြဒေါ်ခင်စောလွင်က အခမ်းအနားမှူးတစ်ယောက်တွင် ဆောင်ရန်၊ ရှောင်ရန်များ၊ အခမ်းအနားမှူးတစ်ယောက်တွင် ရှိရမည့်အရည်အချင်းများ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယဥ်မှုနှင့် ကိုယ်ဟန်အမူအရာများ၊ အသုံးအနှုန်းဝေါဟာရဆိုင်ရာများ၊ အခမ်းအနား အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များနှင့်ပတ်သက်၍ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
ယင်းအခမ်းအနားမှူးသင်တန်းသို့ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ကျောင်းဆရာ/မများနှင့် ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်များမှ အမျိုးသမီးငယ်များ စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်