သုံးခွ ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ မြန်မာ့စီးပွားရေဘဏ်ခွဲတွင် ပင်စင်လစာထုတ်ယူနေလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများကို ယနေ့နံနက် ၇ နာရီမှစတင်၍ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပြီး အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ ၂ ပိဿာ ၅၀ ကျပ်သားပါ တစ်ဘူးလျှင် ၂၃၀၀၀ ကျပ်နှုန်းဖြင့် လစဉ် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ သုံးခွမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း (၁၂၆၉)ဦး ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)