ကျောက်ပန်းတောင်း ဧပြီ ၂၁
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ၊ ဧပြီ ၂၁ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ တောင်သူများကို လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုအဖွဲ့မှ ဦးဆောင်ကာ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါးစိုက် တောင်သူများအတွက် မြေယာပြုပြင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရန် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို တစ်ဂါလန်လျှင် ငွေကျပ် ၁ သောင်းနှုန်းဖြင့် ကိုင်းကျေးရွာအုပ်စုမှ တောင်သူ ၂၃ ဦး၊ မကျီးတိုင်းကျေးရွာအုပ်စုမှ တောင်သူ ၂၀ ဦးနှင့် ဈေးကုန်းကျေးရွာအုပ်စုမှ တောင်သူ ၂၅၈ ဦး၊ စုစုပေါင်း တောင်သူ ၃၁၁ ဦးတို့၏ စိုက်ဧက ၅၇၅ ဧကအတွက် စက်သုံးဆီ ဂါလန် ၅၇၅ ဂါလန်ကို ၎င်းတို့၏ လုပ်ငန်းခွင် အရောက် လက်ငင်းငွေချေစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
အဆိုပါ စက်သုံဆီ တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာသို့ ကျောက်ပန်းတောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နောင်ထွန်းနီ၊ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့် မြို့နယ်တာဝန်ရှိသူများ၊ နွေးစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)