ကျိုင်းတုံမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဧပြီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် ဒေသအတွင်းမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အမှတ်(၁)ရပ်ကွက်၊ ဟိုနားအောက်ကျေးရွာရှိ ဒေါ်ရွှေရည်ဖူး၏ နို့စားနွားမွေးမြူရေးခြံ၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူ၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာမျိုးနိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးသည်။

မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးစေရန်အတွက် ကျိုင်းတုံမြို့နယ်မွေးကုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူနှင့် ဝန်ထမ်းများက ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ရက်ထိ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်တွင်းရှိ နို့စားနွားများအား မေထုန်မဲ့သားစပ်ခြင်း၊ ကျွဲ၊ နွား လည်းချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါများအတွက် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင် ကျွဲ၊ နွား၊ တိုင်းရင်းကြက်၊ ဝက် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရေး ကွင်းဆင်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)