‎မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မဟာအောင်မြေ ဧပြီ ၂၁

မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နံရံကပ် စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်း သား၊ ကျောင်းသူလေးများ အားလပ်ရက်များတွင် ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူလေးများကို နွေရာသီအားလပ်ရက်များတွင် ကျောင်းစာအပြင် အခြားဗဟုသုတများရရှိစေရန်၊ ကိုယ်စွမ်းဉာဏ်စွမ်းများတိုးတက်လာစေရန်၊ စာပေမှာမွေ့လျော်ပြီး အမှားအမှန်ဝေဖန်နိုင်စေရန်၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ အများကျိုး သယ်ပိုးထမ်းဆောင်‌စေလိုသောစိတ်များ မွေးမြူတတ်လာစေရန်ရည်ရွယ်၍ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့်  ဝန်ထမ်းများက နံရံကပ်စာစောင်များပြသခဲ့ပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ပန်းချီပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်ဟောပြောပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း