ကျွန်းစု ဧပြီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၈၀)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ သံသရာအေးဘုရားနှင့် အမှတ် (၃) ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်တို့၌ စုပေါင်းကုသိုလ်ပြု ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင်၏ ကြီးကြပ်မှုဖြင့် ကျွန်းစုမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် စည်းထိန်းအဖွဲ့ဝင်များ စုပေါင်း၍ ဘုရားရေသပ္ပါယ်ခြင်း၊ ဘုရားပန်းကပ် လှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)