တပ်ကုန်း ဧပြီ ၂၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်း၍ နွေစပါးစိုက်ပျိုးဧကပြည့်မီရေး စက်သုံးဆီများသက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချိုဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့်ဝန်ထမ်းများ ကြီးကြပ်ကာ ယနေ့ နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာအုပ်စု၊ ညောင်လွန့်ကျေးရွာအုပ်စုများရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမများတွင် စက်သုံးဆီများ ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် တပ်ကုန်းမြို့နယ်တွင် နွေစပါးစိုက်ပျိုးလျာထားဧက ၉၁၁၄ ဧက၊ စိုက်ပြီးဧက ၈၆၁၄ ဧက၊ စိုက်ပျိုးရန်ကျန်သည့် ၅၀၀ ဧကအတွက် တစ်ဧကလျှင်တစ်ဂါလံနှုန်း၊ တစ်ဂါလံကို ၁၀၀၀၀ ကျပ်ဖြင့် ဂါလံ ၅၀၀ ကို စုရပ်နှစ်နေရာ၌ နွေစပါးစိုက်တောင်သူများ လက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်