ဘားအံမြို့ရှိ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်အား လာရောက်လည်ပတ်သူများဖြင့် စည်ကား

ဘားအံ ဧပြီ ၂၀

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်တွင် ဧပြီလ ၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ညဦးပိုင်းက လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သဲသောင်ပြင်သင်္ကြန်ကို ကရင်ပြည်နယ်၏ သဘာဝအလှတရားများကို ထင်ဟပ်ပေါ်လွင်စေလိုသော၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ၊ အစားအသောက်များနှင့် ဧည့်ဝတ်ကျေပွန်မှုများကို ထင်ဟပ်ပေါ်လွင်စေသော ရည်ရွယ်ချက်များဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံများနှင့်အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့သည့် သဲသောင်ပြင်ဧရိယာ ၁၀ ဧကရှိသော နန်းဖော့အွာ သဲသောင်ပြင် သင်္ကြန်တွင် ကရင်အနုပညာရှင်များနှင့် ဒေသခံတေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ရေကစားမဏ္ဍပ်များ၊ သနပ်ခါး သင်္ကြန်မဏ္ဍပ်များ၊ ဧည့်ခံကျွေးမွေးရေးစတုဒီသာမဏ္ဍပ်၊ ဒေသထွက်ကုန်နှင့် အစားအစာများရောင်းချသော ဈေးဆိုင်ခန်းများ၊ ပင်လယ် ဓားပြကစားကွင်း၊ ပျော့ပျော့အိအိကစားကွင်းတို့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)