ပိုင်ကျုံ ဧပြီ ၂ဝ
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကော်ဖီစိုက်ပျိးမည့် တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၂၀ ရက်က ပေးအပ်သည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးက ကော်ဖီစိုက်ပျိုးခြင်း၏ ရည်ရွယ်ချက်၊ ကော်ဖီစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ဖြန့်ဝေသည့် ပျိုးပင်များအားရှင်သန်စေရေးနှင့် စိုက်ပျိုးဧကပြည့်မီပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားပြီး မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဉီးစီးမှူးက ကော်ဖီပျိုးပင်များပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပျိုးပင်များ စိုက်ပျိုးသည့်ကာလတွင် စိုက်ပျိုးရန်လိုအပ်ကြောင်း ထပ်ဆင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများတို့က ကော်ဖီစိုက်ပျိုးမည့်တောင်သူများထံ ပျိုးပင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။
ပိုင်ကျုံမြို့တွင် ကော်ဖီ ဧက (၁၀၀) စိုက်ပျိုးရန်လျာထားပြီး လျာထားစိုက်ဧကပြည့်မီရေးအတွက် ပျိုးပင်များအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)