သံတောင်ကြီးမြို့  ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်

သံတောင်ကြီး   ဧပြီ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်းဓမ္မပညာဆရာမများက ဦးဆောင်၍  ကလေးသူငယ်များနွေရာသီအားလပ်ရက်များတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်ခြင်းကို ဇိုင်ယာန်းနှစ်ခြင်းအသင်းတော်၏အဖွဲ့ငယ်(၇)ဖွဲ့က ဧပြီ(၆)ရက်မှစတင်ဖွင့် လှစ်သင်ကြားပေးရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီဓမ္မပညာသင်တန်းတွင် စကောကရင်စာပေ၊ ဂီတ၊ ပြည်သူ့နီတိ၊  သမ္မာကျမ်းစာလေ့ လာခြင်း၊  စွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများကို သင်ကြားပေးသည်။ အဆိုပါ  ဇိုင်ယာန်းနှစ်ခြင်း အသင်းတော်၏ ရပ်ကွက်အလိုက် အဖွဲ့ငယ်(၇)ဖွဲ့မှ    နွေရာသီဓမ္မပညာသင်တန်းတွင် ဆရာမ(၁၅)ဦးသင်ကြားပေးပြီး ကျောင်းနေအရွယ်    ကျောင်းသူ/ကျောင်းသား  ၃၇၀   တက်ရောက်ကာ  သင်တန်းကာလမှာ  ဧပြီ () ရက်မှ (၂၄) ရက်အထိဖြစ်ကြောင်း သိရသည်။

နော်နော်မူ