ရေဖြူ ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်း ၂ ရက်နေ့နှင့် ၃ ရက်နေ့ညနေတို့တွင် ဆရာတော်သံဃာတော်များက မြို့တွင်းသို့လှည့်လည်၍ ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့လှည့်လည်ရာတွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများဖြင့် ပူဇော်ခြင်း၊ ဆရာတော်များက မော်တော်ယာဉ်ဖြင့် ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်၍ မြို့တွင်းသို့လှည့်လည်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာတိုင်းတွင်လည်း လှည့်လည်ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)