သံတောင်ကြီး ဧပြီ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အုန်းပင်များကိုလည်း မိမိတို့အိမ်ခြံပတ်ဝန်းကျင်ရှိမြေလွတ်နေရာများတွင် သော် လည်းကောင်း၊ ဉယျဉ်ခြံများတွင်လည်းကောင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။ ယခုနွေရာသီ သင်္ကြန်နီးလာချိန်တွင် အုန်းသီးများဝယ်လို အားကောင်းပြီး ဈေးကောင်းရှိကြောင်း သိရသည်။ အုန်းပင်များသည် သက်တမ်းရှည်သော အပင်တစ်မျိုးဖြစ်ပြီး နှစ်ရှည်သီးနှံပင် တစ်မျိုးဖြစ်သည်။
သံတောင်ကြီးဒေသတွင် အများအားဖြင့် အုန်းကြီးပင်များကိုသာစိုက်ပျိုးပြီး၊ ယခုနောက်ပိုင်းတွင် အုန်းပင်ပုမျိုး (ဝက်မလွတ်)မျိုးများကိုလည်း စိုက်ပျိုးလာကြသည်။ အုန်းကြီးပင်များမှာ စိုက်ပျိုးပြီး (၆)နှစ်ခန့်တွင် အသီးသီးပြီး၊ အုန်းပင်ပုမျိုး(ဝက်မလွတ်)မျိုးများမှာ စိုက်ပျိုးပြီး(၄)နှစ်ခန့်တွင် အသီးများ ဆွတ်ခူးနိုင်ကြောင်း အုန်းပင်စိုက်ပျိုး သူတောင်သူဦးစောပရီးထူးထံက သိရသည်။
အုန်းသီးသည် ကျန်းမာရေးနှင့် ဆေးဘက်ဝင်သောအသီးဖြစ်သည်သာမက ယခုသင်္ကြန်နီးလာပြီဖြစ်သည့်အတွက် မြန်မာမုန့်များပြုလုပ်ရာတွင် အသုံးဝင်ခြင်းကြောင့် အုန်းသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၃၅၀၀)မှကျပ်(၄၀၀၀)အထိရရှိပြီး သံတောင်ကြီးမြို့ပေါ်သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
နော်နော်မူ