အမရပူရ ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာ၊ ကွင်း ၅၇၀ (ခ)ရှိအဆင့်မြင့်လယ်ယာ ဧက ၁၅၀ စိုက်ကွင်းရှင်းလင်းဆောင်၌ ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပူးပေါင်း၍ အမရပူရခရိုင်/အမရပူရမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရန်ရန်ကျန်ရှိသော စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီဖြန့်ဖြူးရောင်းချပွဲနှင့်သဘာတမြေဩဇာနှင့်ဓာတ်မြေသြဇာ ရောစပ်ကြဲပက်ပွဲအခမ်းအနားကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က အမှာစကားပြောကြားသည်။ ထို့နောက် နွေစပါးစိုက်ရန်ရှိတောင်သူများအား တစ်ဦးလျှင် ဒီဇယ်စက်သုံးဆီ တစ်ဂါလံ ကျပ် ၁၀၀၀၀ နှုန်းဖြင့် (၂)ဂါလံနှုန်းဖြင့် တောင်သူ (၁၂၀) တို့ကို ရောင်းချပေးနေမှုအားကြည့်ရှုအားပေးသည်။ ယင်းနောက် တောင်သူဦးဇော်မျိုးထွန်း၏ ရွှေသွယ်ရင်စပါးစိုက်ခင်းအတွင်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာရောစပ်ကြဲပက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ယခု နွေစပါးစိုက်ပျိုးရန်ကျန် တောင်သူများလက်ဝယ်အရောက် စက်သုံးဆီရောင်းချနိုင်ရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ အမရပူရမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
စိုးသီဟ(အမရ)