ကျေးသီးမြို့နယ်၌ အခြေခံပညာကျောင်းများအတွက် PPE ဝတ်စုံနှင့် အခြားကာကွယ်ရေး ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်း

ကျေးသီး  သြဂုတ်  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊လယ်၊မူ) (၉၆)ကျောင်း အတွက် PPE ဝတ်စုံနှင့် အခြားကာကွယ်ရေးပစ္စည်း များအသုံးပြုနိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်ပြည်သူများမှ စုစုပေါင်းလှူဒါန်းငွေကျပ် (၁၉၀၁၀၀၀ိ/-)နှင့် မြို့နယ်စည်ပင် သာယာရေးဌာနမှ လှူဒါန်းသည့် PPEဝတ်စုံ(၄)စုံတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးခွန်စောလွင်တို့က ပေးအပ်လှူဒါန်းခဲ့ ရာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းစမ်ခမ်းမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

သဲစုပိုင် (ပြန်/ဆက်)