ဆီဆိုင်မြို့နယ်ရှိ စော်ဘွားရေထိန်းတံခါးဆည်တွင် အပူရှောင် ရေကစားအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

ဆီဆိုင် ဧပြီ ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် တဘက်ကျေးရွာ အုပ်စု၊ မဲဟိုင်းကျေးရွာအနီးရှိ စော်ဘွားရေထိန်းတခါးဆည်တွင် နွေရာသီကာလ၌ အပူရှောင် ရေကစားအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

နွေရာသီကာလတွင် ရပ်နီးရပ်ဝေးရှိ ပြည်သူများအနေဖြင့် အပူရှောင်ရန်အတွက် စောင်ဘွား ရေထိန်းတံခါးဆည်သို့ လာရောက်၍ ရေကစားခြင်း၊ ဈေးဆိုင်များရှိ ဒေသအစားအစာ ဝယ်ယူသုံး ဆောင်ခြင်းတို့ဖြင့် မိသားစုဖြင့်လည်းကောင်း၊ သူငယ်ချင်းများစုပေါင်း၍လည်းကောင်း လာရောက် အပန်းဖြေသူများ စည်ကားလျက်ရှိကြသည်။

အဆိုပါ စောင်ဘွားရေထိန်းတံခါးဆည်သည် ဆီဆိုင်မြို့အနောက်တောင်ဘက်ရှိ မဲဟိုင်းကျေးရွာအနီး တဘေက်ချောင်းပေါ်တွင် တည်ရှိပြီး ဆီဆိုင်မြို့နှင့် လေးမိုင်ခန့် ကွာဝေးကာ မော်တော်ဆိုင်ကယ်၊ အိမ်စီးမော်တော်ယာဉ်ကားတို့ဖြင့် လာရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)