ပင်းတယ ဧပြီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပင်းတယမြို့ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်းတယမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်က နှစ်ဦးအမှာစကား ပြောကြားပေးသည်။ ထို့နောက် ယိမ်းအကအဖွဲ့များမှ နှုတ်ဆက်ကပြဖျော်ဖြေပေးခဲ့ပြီး အခမ်းအနားအပြီးတွင် Bamboo Music Band ဆက်လက်ဖျော်ဖြေပေးခဲ့ကြောင်း သိရကာ ပင်းတယမြို့နယ်သို့ သင်္ကြန်အတက်နေ့တွင် ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်သူများနှင့် စည်ကားခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)