ညောင်ရွှေ ဧပြီ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၈-ခု နှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု နဒီကန်စပ်ရှိ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နဒီကန်သဘာဝရေပြင်အတွင်းသို့ ငါးဖိန်းသားပေါက်ကောင်ရေ (၁၀၀၀၀)၊ ငါးခုံးမသားပေါက်ကောင်ရေ (၂၄၀၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၂၀၀၀၀)၊ စုစုပေါင်းငါး သားပေါက်ကောင်ရေ (၅၀၀၀၀) ကို စုပေါင်းလွှတ်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ