မလှိုင်မြို့နယ်၌ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့်ပွဲကျင်းပ

မလှိုင် ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇေယျာအောင်သံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်း (၁၇၅) ဦးခန့်က ကန်တော့ခံသက်ကြီး အဘိုး၊ အဘွား (၂၀) ဦးတို့အား တစ်ကိုယ်ရေသန့်ရှင်း ရေးများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ အာဟာရကျွေးမွေး ခြင်းများပြုလုပ်ပေးခဲ့ပြီး အဘိုး၊ အဘွား (၂၀) ဦးတို့အတွက် အလှူငွေများ၊ ဆေးဝါး အသုံးအဆောင်များ၊ စုစုပေါင်းတန်ဖိုးငွေ (၂၄၆၅ဝဝဝိ) ကျပ် လှူဒါန်းပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား နံနက်စာဆီချက်ခေါက်ဆွဲများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မလှိုင်(ပြန်/ဆက်)