ကလိန်အောင် ဧပြီ ၁၇
ဧပြီ ၁၇ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများစုပေါင်း၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ စေတနာရှင်အလှူရှင်များက စုပေါင်း ၍ သဒ္ဓမ္မရံသီအောင်တော်မူဝတ်ပြုကျောင်းမှ ဆရာတော်အရှင်သုစိတ္တနှင့် မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတို့မှ သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်များတို့အား မြို့ပေါ် (၃) ရပ်ကွက်မှ စတင်၍ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူဒါန်းကြသည်မှာ စည်းကားလျက်ရှိကြောင်း သိရသည်။
နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်ရာ ကုသိုလ်ကောင်းမှုများပြုကြသည်မှာ မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)