တွံတေးအကျဥ်းဦးစီးနှစ်ခုမှ အကျဥ်းသား (၇၅) ဦး လွတ်ငြိမ်းခွင့်ပြု

တွံတေး ဧပြီ ၁၇

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် တွံတေးမြို့နယ်အတွင်းရှိ အကျဉ်းစခန်း (၂) ခုဖြစ်သည့် ရွှေသူဌေးစိုက်/မွေးစခန်းမှ အကျဉ်းသားများ ယနေ့လွတ် (၄၁) ဦးနှင့် တောကြီးတန်းစိုက်/မွေးစခန်းမှ အကျဉ်းသားများ ယနေ့လွတ် (၃၄) ဦး၊ စုစုပေါင်း (၇၅) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အခမ်းအနားများအား သက်ဆိုင်ရာအကျဉ်းစခန်းအသီးသီးတွင် ကျင်းပသည်။

ထိုသိုကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ယနေ့လွတ်သည့် အကျဉ်းသားများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တာဝန်ရှိသူများမှ ဆုံးမဩဝါဒစကားများ မှာကြားခြင်း၊ လွတ်ငြိမ်းခွင့်အမိန့်အား ဖတ်ကြားရှင်းလင်းခြင်းနှင့် တရားဥပဒေဘောင်အတွင်းနေထိုင်ရန် အကျဉ်းသားများအား မှာကြားဆောင်ရွက်ခဲ့ကြပြီး ယခုလွတ်ငြိမ်းခွင့်အမိန့်ဖြင့် တွံတေးမြို့နယ်အတွင်းရှိ ယနေ့လွတ်အကျဉ်းသား (၇၅) ဦးတို့အား နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)