ကျောက်ဆည် ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက်နေ့ ညနေ ၆ နာရီက ကံဦးရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း ဒေါ်သိုက်ကြီးကွေ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ ယိမ်းအကအဖွဲ့များမှ ဟိန်းသူဆိုင်းအဖွဲ့နှင့်အတူ မြူးကြွသည့်တေးသီးချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ အဖွဲ့ဝင် ဦးအောင်သူနှင့် ဦးမြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အတွင်းရေးမှူး ရဲမှူးကျော်စိုးမိုး၊ အဖွဲ့ဝင် ဗိုလ်မှူးနိုင်ဦးကိုတို့က ယိမ်းအဖွဲ့ ၈ ဖွဲ့အား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။
ထို့နောက် ယိမ်းအကအဖွဲ့များမှ စုပေါင်းသီဆိုကပြဖျော်ဖြေခဲ့ပြီး ကျောက်ဆည်မြို့၌ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)