တီးတိန် ဧပြီ ၁၇
ချင်းပြည်နယ် တီးတိန်ခရိုင် တီးတိန်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် တီးတိန်ခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်၌ ယမန်နေ့နံနက်ပိုင်းက ပြည်သူများ ပျော်ရွင်စွာ ဆင်နွှဲကြသည်။
တီးတိန်မြို့၌ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေကစားကြပြီး စတုဒီသာမဏ္ဍပ်၌ ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)