ထားဝယ် ဧပြီ ၁၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီက ထားဝယ်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီး မြို့တော်ခန်းမ ၂ ရှေ့ ဗဟိုမဏ္ဍပ်၌စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများက သင်္ကြန်ယိမ်းအကအဖွဲ့ (၁၆)ဖွဲ့အား တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေ(၁၅)သိန်းဖြင့် စုစုပေါင်း သိန်း (၂၄၀) အားချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်အောင်မြင်စွာပိတ်သိမ်းကြောင်း ကြေညာသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများနှင့်အတူ သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲပြီး အချိုရည်ဘူးများ ဝေငှပေးကာ ၁၃၈၇ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ပိတ်ပွဲအခမ်းအနားကို မန်းတောင်ရိပ်ခိုသီချင်းဖြင့်ပျော်ရွှင်စွာသံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)