ပြင်ဦးလွင်မြို့တွင်  ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင် ဧပြီ ၁၆     

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြင်ဦးလွင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ မှ ဦးဆောင်ကျင်းပသော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်) ပိတ်ပွဲအခမ်းအနားကို ယနေ့  ညနေ ၅ နာရီက ရပ်ကွက်ကြီး ၆ အမျိုးသားကန်တော်ကြီးဥယျာဉ်အနီး၌ ကျင်းပသည်။

အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ နှစ်သစ်ကူးအမှာစကားပြောကြားခဲ့ပြီး ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည ။

ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ယိမ်းအကအဖွဲ့များနှင့် တက်ရောက်လာသူများအား  အမွှေးနံ့သာအတာရေဖြင့် အပြန်အလှန်ပက်ဖျန်း၍  ယဉ်ကျေးစွာရေကစားနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(ခရိုင် ၊ ပြန်/ဆက် )