ဒဂုံတောင် ဧပြီ ၁၆
မြန်မာရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်း ရေပက်ကစားခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကာလ ယနေ့နံနက်က ၅၅ ရပ်ကွက်တွင် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ခြင်း ပြုလုပ်ကြကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၅၅ ရပ်ကွက်၊နတ်မောက်လမ်းရှိ ဓမ္မဇောတကဓမ္မာရုံတွင် အသက်(၇၉)နှစ်အထက် ဘိုးဘွားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ ဘိုးဘွားတစ်ဦးလျှင် အလှူငွေကျပ်နှစ်သောင်းဖြင့် လှူဒါန်းပူဇော်ကန်တော့ကြကြောင်း သိရသည်။
သန်းသန်းအေး