မြောက်ဥက္ကလာပမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပြည်သူများ ပျော်ရွှင်ဆင်နွှဲစည်ကားလျက်ရှိ

မြောက်ဥက္ကလာပ ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာတို့၏ နှစ်သစ်ကူးအခါသမယ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် မဟာသင်္ကြန်အတက်နေ့တွင် (ဃ) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ ဥက္ကလာသီရိပန်းခြံရှေ့ ဥက္ကလာရင်ခွင် မဏ္ဍာပ်တွင် ပြည်သူများ လွတ်လပ်ပျော်ရွင်ဆင်နွဲ၍ စစည်ကားလျက်ရှိသည်။

မြန်မာတို့၏ နှစ်သစ်ကူးအခါသမယ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ဥက္ကလာရင်ခွင် မဏ္ဍာပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုယိမ်းအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များနှင့် အလှူရှင်များက ယိမ်းအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ဥက္ကလာသီရီပန်းခြံလမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ တစ်ပျော်တစ်ပါးပါဝင် ဆင်နွှဲခဲ့လျက်ရှိပြီး တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြသည်။ မဟာသင်္ကြန်ကာလအတွင်း ဥက္ကလာရင်ခွင်မဏ္ဍာပ်အတွင်း စတုဒီသာကျွေးမွေးခြင်း၊ ဥက္ကလာသီရိပန်းခြံအတွင်း လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများက တစ်ပျော်တစ်ပါး ပါ၀င်ဆင်နွှဲခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)