လှည်းကူးမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် စည်ကား

လှည်းကူး ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် မြို့မရပ်ကွက် အတာနွေဦးမဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် စည်ကားလျက်ရှိသည်။

အဆိုပါ အတာနွေဦးရေသဘင်မဏ္ဍပ်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုယိမ်းအဖွဲ့များကအက အလှများဖြင့် ဖျော်ဖြေပေးကြပြီး၊ အင်းတိုင်တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်ထက်နှင့် ဇနီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် ဇနီး၊ စီမံအဖွဲ့ဝင်များ၊ ဧည့်သည်တော်များမှ လာရောက်ကြည်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးခဲ့သည်။

အတာနွေဦးလမ်းလျှောက် သင်္ကြန်အတွင်း ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိပြီး ဌာနဆိုင်ရာများနှင့် အလှူရှင်များက ထမင်းနှင့်ဟင်းများ၊ မုန့်ကြာစေ့သာကူများ၊ အချိုရည်နှင့်မုန့်များ စတုဒိသာများ ကျွေးမွေးခဲ့ကြကာ လှည်းကူးမြို့နယ် အတာနွေဦးမဏ္ဍပ်၌ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)