ပူတာအိုမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးလှူဒါန်း

ပူတာအို ဧပြီ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေး လှူဒါန်းခြင်းကို သင်္ကြန်အတက်နေ့ ဧပြီ (၁၆) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းသင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

ထိုသို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သို့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မောင်မောင်မြင့် နှင့်ဇနီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဉမ္မာကိုကိုကြီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက သင်္ကြန်ယိမ်းအက အဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ခြင်းနှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများကို ကြည့်ရှုအားပေးကြပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏လှူဒါန်းမှုဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပါဝင်ဆင်နွဲသူများအား စတုဒီသာဧည့်ခံကျွေးမွေးခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)