တပ်ကုန်း ဧပြီ ၁၆
နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျနှင့်ဇနီး၊ နေပြည်တော် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် လမ်းလျှောက်သင်္ကြန် အတက်နေ့တွင် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများက ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းတစ်လျှောက်တွင် ပြည်သူများ ပါဝင်ဆင်နွှဲနေမှု အခြေအနေများနှင့် မြို့နယ်ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ယိမ်းအကအဖွဲ့များ၊ တေးဂီတအဖွဲ့အား ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
တပ်ကုန်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ တေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာ ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်