နောင်ချို ဧပြီ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ်မဟာသင်္ကြန် အတက်နေ့တွင် ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေသူများ၊ လာရောက်ကြည့်ရှု့သူ ပရိသတ်များဖြင့် ရေဘဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် အတာသင်္ကြန်ပွဲတော်ကာလအတွင်း ဌာနဆိုင်ရာများ၊ အလှူရှင်များက နေ့ရက်အလိုက် စတုဒီသာများ ကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် မဏ္ဍပ်များတွင် စည်ကားလျက်ရှိကြောင်း မြို့နယ်မဟာ သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)