တွန်းဇံ ဇန်နဝါရီ ၁၄
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ခုနှစ်၊ ယနေ့နံနက် ၁၁ နာရီအချိန်တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ သင်တန်းခန်းမဆောင်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်က နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် တာ၀န်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်နှင့် နည်းပြ ၀န်ထမ်းများအား မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ဟောပြောသည်။
ထို့နောက် မီးလောင်မှု ဖြစ်ပွားလာပါက ဝန်ထမ်းများ ကိုယ်တိုင် စနစ်တကျ မီးငြိှမ်းသတ်နိုင်ရေးအတွက် သရုပ်ပြလေ့ကျင့် ပေးလျက် ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)