နောင်ချို ဧပြီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့တွင် ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေသူများ၊ လာရောက်ကြည့်ရှုသူ ပရိသတ်များဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ ရက် အတက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၆ နာရီထိလည်းကောင်း နောင်ချိုမြို့နယ် စွယ်တော်ရိပ်ကားဝင်းအတွင်း ဗဟိုမဏ္ဍပ်တွင် ကပြဖျော်ဖြေပေးလျက်ရှိသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်အကြတ်နေ့တွင် ဗဟိုမဏ္ဍပ်တွင် မစခ ၉၀၂ မှ ဒုတိယဗိုလ်မှူးကြီး ရဲဇော်ဝင်း ၊ အမတ ၂၀၆ မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသော်ဇင်မျိုး၊ အမတ ၄၀၆ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးခင်မောင်ဖြိုး၊ အမတ ၃၅၄ မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး အောင်ခိုင်ဝင်းတို့မှ လာရောက်ကြည့်ရှုအားပေးကာ တပ်နယ်များမှ ယိမ်းအဖွဲ့များမှလည်း လာရောက်ကပြဖျော်ဖြေခဲ့ကြကြောင်းနှင့် ကပြဖျော်ဖြေခဲ့ကြသော ယိမ်းအဖွဲ့များအားလည်း ဆုတော်ငွေများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဌာနဆိုင်ရာယိမ်းအဖွဲ့၊ မြို့ပေါ်ရပ်ကွက်မှ ယိမ်းအဖွဲ့(၁၅)ဖွဲ့ဖြင့် မြန်မာသံစဉ်၊ ခေတ်ပေါ်တေးဂီတများဖြင့် ကပြဖျော်ခဲ့ကြကြောင်းနှင့် ဧည့်ပရိသတ်များအား ဌာနဆိုင်ရာများမှ စတုဒိတာများဖြင့် ကျွေးမွေးဧည့်ခံပေးလျက်ရှိကြောင်း မြို့နယ်မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)