ခိုင်ကမ်း ဇန်နဝါရီ ၁၄
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ဗိုလ်ခိုင်ကမ်း ပန်းခြံရှေ့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ပိုင်းမှ စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ အသိပညာပေးလုပ်ငန်းကို ချင်းပြည်နယ် အမှတ် (၁၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး စိုးလွင်၊ အမှတ်(၁၀၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ရဲအုပ်စည်သူဆွေနှင့် တီးတိန်ယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှူး ဒုရဲအုပ် အောင်ကျော်ကျော်ဦး တို့မှ ဦးဆောင်၍ ခိုင်ကမ်းမြို့ အဝင်အထွက်လမ်းဖြစ်သည့် ဗိုလ်ခိုင်ကမ်း ပန်းခြံရှေ့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်စီးသူများအနေဖြင့် အသက်အန္တရာယ် မဖြစ်စေရေး ဆိုင်ကယ်ဦးထုပ်ဆောင်း စီးနင်းကြရန်၊ သတ်မှတ်နှုန်းထားများ အတိုင်း မောင်းနှင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေအိမ်အပြင်သို့ မဖြစ်မနေထွက်ခွါကြ ပါက Mask တပ်ဆင်ရေး စသည့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)