ကွမ်းခြံကုန်းမြို့နယ် မဟာသင်္ကြန်အကြတ်နေ့တွင် စတုဒိသာကျွေးမွေးခြင်းနှင့် ပြည်သူများ‌ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ရေကစား

ကွမ်းခြံကုန်း ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့ မြန်မာ့ရိုးရာအစဥ်အလာမပျက် ရေကစားခြင်းနှင့် စတုဒိသာ အာဟာရကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်းက ဈေးပိုင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဇာတိမာန်ခန်းမရှေ့၊ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒိသာမဏ္ဍပ်၌  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများ ရိုးရာမပျက် ရေပက်ကစားခဲ့ကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒီသာကျွေးမွေးရာတွင်လည်း လူမျိုးမရွေးဘာသာမရွေး သုံးဆောင်နိုင်စေရန် သင်္ကြန်အကြတ်နေ့နံနက်ပိုင်းတွင် မုန့်လက်ဆောင်ဖြင့် ပြည်သူများအား စတုဒိသာကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာဓ‌လေ့သနပ်ခါးလိမ်ခြယ်ခြင်းနှင့် ရပ်ကွက်ကျေးရွာများတွင်လည်း ဥပုသ်သီလဆောက်တည်ခြင်းများဖြင့် အေးချမ်းစွာဆင်နွဲကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)